Subscription
POS (Lite) ကို Subscribe ပြုလုပ်နည်း။
POS (Lite) ရဲ့ ရိုးရှင်းလွယ်ကူသော Feature များနှင့် စ,တင် အသုံးပြုရောင်းချနိုင်ဖို့အတွက် လိုအပ်သလောက် Device အရေအတွက်ကို Subscribe ပြုလုပ်ပါ။
၁။ Subscribe ပြုလုပ်ရာတွင် MSME (အသေးစား လုပ်ငန်းငယ်) များ အတွက် Device (၁) ခုမှ Device (၅) ခုအထိ ရွေးချယ်ဝယ်ယူနိုင်ပါသည်။ Enterprise (စီးပွားရေး လုပ်ငန်း) များ အတွက် Device (၆) ခုမှ Device အရေအတွက် (၁၀၀)အထိ ရွေးချယ် ဝယ်ယူနိုင်ပါသည်။
ထို့အပြင် Device (1) ခုသာ အသုံးပြုလိုသူများအတွက် “သုံးသလောက် ပေး” အစီအစဥ်နဲ့လည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ “သုံးသလောက် ပေး” သုံးမည်ဆိုပါက ငွေကြိုဖြည့်ရန် လိုအပ်ပါသည်။
Subscription တွင် Device အရေအတွက်အလိုက် Subscribe ပြုလုပ်ခြင်း။
MSME (အသေးစားလုပ်ငန်းငယ်များ) အတွက် Device (1) ခုမှ Device (၅) ခုအထိ ရွေးချယ်နိုင်ပါသည်။ Enterprise
(စီးပွားရေးလုပ်ငန်းများ) အတွက် Device (6) ခုမှ Device (250) ခုအထိ ရွေးချယ်နိုင်ပါသည်။
၂။ Subscription ပြုလုပ်ရန်အတွက် ဦးစွာ တိုးလိုသည့် အရေအတွက်ကို ရွေးပါ။ ထို့နောက် လစဥ်ကြေးစနစ် (သို့မဟုတ်) နှစ်စဥ်ကြေးစနစ် ကို ရွေးချယ်ပါ။ ပြီးနောက် “သက်တမ်းတိုးမည်” ခလုတ်ကို နှိပ်၍ လိုသလောက် သက်တမ်းတိုးနိုင်ပါပြီ။
Bank Transfer နှင့် ငွေပေးချေရန်အတွက်။
၃။ Bank Transfer ကို ရွေးချယ်ပြီး “အတည်ပြုမည်” နှိပ်ပါ။
၄။ နှစ်သက်ရာ ငွေပေးချေမည့်ဘဏ်ကို ရွေးချယ် ပြီး ငွေလွှဲသည့်ရက်စွဲ၊ ငွေလွှဲထားသည့် Payment Slip (သို့) Payment Screenshot တို့ကို upload ပြုလုပ်ပြီး “အတည်ပြုမည်” ကို နှိပ်ပါ။ Payment Approved ကို ခဏ စောင့်ဆိုင်းပြီး Approved ရရှိပြီးပါက POS (Lite) ကို စ,တင် အသုံးပြုနိုင်ပါပြီ။
Redeem Code ရရှိထားပါက “Redeem Code အသုံးပြုရန်” ကို အမှန်ခြစ် ပေးပြီး Redeem Code ရိုက်ထည့်ကာ အသုံးပြုပါ။
Subscription တွင် Device (၁) တစ်ခုစာအတွက် “သုံးသလောက် ပေး” စနစ်ဖြင့် Subscribe ပြုလုပ်ခြင်း
၁။ “သုံးသလောက် ပေး” အသုံးပြုရန် “ငွေကြိုဖြည့်မည်” ကို နှိပ်ပါ။ ထို့နောက် ငွေပေးချေမှု နည်းလမ်းများထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး Mobile Device ဖြင့် ငွေပေးချေနိုင်သည့် ငွေပေးချေပုံ နည်းလမ်းများကို ဝင်ရောက်ကြည့်ရူနိုင်ပါသည်။ (Mobile Device ဖြင့်သာ ငွေကြိုဖြည့်နိုင်မည်ဖြစ်သည်။)
၂။ “အစမ်းတွက်ချက်မည်” ကို နှိပ်၍ ကျသင့်ငွေကို တွက်ချက်နိုင်ပါသည်။ဘောင်ချာတစ်စောင်ကို ၁၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။ ကုန်ပစ္စည်း အရေအတွက် (၁၀၀) ခု ကို အခမဲ့ ပေးသွင်းပါသည်။ အရေအတွက် အခု (၁၀၀) ခု ထပ်ပိုပါက တစ်ခု (၁၀၀) ကျပ်နှုန်းဖြင့် ကျသင့်မည်ဖြစ်သည်။