Registration
POS (Lite) ကို စ,တင် အသုံးပြုရန်အတွက် Register ပြုလုပ်ပါ။
၁။ Register ပြုလုပ်ရန်အတွက် POS (Lite) Application ကို ဖွင့်ပြီး “အကောင့်ဖွင့်မည်” ကိုနှိပ်ပါ။
၂။ ထို့နောက် Register ပြုလုပ်လိုသော ဖုန်းနံပါတ် အမည်နှင့် စကားဝှက် အနည်းဆုံး (၆) လုံး တို့ကို မှန်ကန်စွာ ဖြည့်စွက်ပါ။
၃။ Register ပြုလုပ်ထားသော ဖုန်းနံပါတ်သို့ SMS ပေးပို့လာမည့် အတည်ပြုကုဒ် ၆ လုံး ကို မှန်ကန်စွာ ရိုက်ထည့်ပေးပါ။
POS (Lite) ကို စ,တင် အသုံးပြုရန်အတွက် မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်ပါသည်။
၄။ Register ပြုလုပ်ရန်အတွက် မှတ်ပုံတင်အမှတ် ကို မှန်ကန်စွာ ရွေးချယ်ဖြည့်စွက်ပါ။ ထို့နောက် မှတ်ပုံတင်၏ အရှေ့ဘက်အခြမ်းနဲ့ အနောက်ဘက်အခြမ်းကို ကင်မရာဖြင့် ကြည်လင်ပြတ်သားစွာ ရိုက်ကူး၍ ဖြစ်စေ၊ upload ပြုလုပ်၍ ဖြစ်စေ မှတ်ပုံတင်ပေးပါ။
၅။ မှတ်ပုံတင် ရှေ့ခြမ်းနဲ့ နောက်ခြမ်းကို Upload ပြီးပါက “လျှောက်ထားမည်” ခလုတ်ကို နှိပ်ပြီး မှတ်ပုံတင်ပါ။
၆။ Terms And Conditions ကို သေချာစွာ Scroll ဆွဲကာ ဖတ်ရှုပါ။ ဖတ်ရှုထားသော Terms And Conditions ကို နားလည်သဘောတူကြောင်း Agree ကို အမှန်ခြစ်ပေး၍ “အတည်ပြုမည်” ခလုတ်ကို နှိပ်ပေးပါ။
၇။ Shop Setup ပြုလုပ်ရန်အတွက် ဆိုင်အမည်၊ ဖုန်းနံပါတ်၊ မြို့နယ် တို့ကို မှန်ကန်စွာ ဖြည့်စွက် ရွေးချယ်ပေးပါ။ ပြီးနောက် အသုံးပြုလိုသည့် Default Currency ကို ရွေးချယ်ပေးပါ။
၈။ Default Currency ရွေးချယ်ပြီးသည့်အခါ “ကျော်သွားမည်” ခလုတ်ကို နှိပ်၍ Shop Setup ပြုလုပ်ခြင်း အဆင့်ကို ကျော်ပါ။ (သို့မဟုတ်) Shop Setup ကို စိတ်ကြိုက် ပြင်ဆင်ပြီးမှ “အတည်ပြုမည်” ခလုတ်ကို နှိပ်ပြီး Shop Setup ပြုလုပ်ခြင်းအဆင့်ကို အဆုံးသတ်ပါ။
Shop Setup Page ၏ Refer Phone နေရာတွင် သတ်မှတ်ထားသော Refer Phone နံပါတ်များထဲမှ တစ်လုံးကို ထည့်သွင်းပြီး Refer Discount (ညွှန်းဆိုလျှော့စျေး) ရယူနိုင်ပါသည်။ Refer Discount (ညွှန်းဆိုလျှော့စျေး) သည် တစ်ကြိမ်သာ ရနိုင်သည်။